လယ်ဝေး ဇွန် ၂
ပြည်ထောင်စုနယ်မြေ၊လယ်ဝေးမြို့နယ်၊ အ.ထ.က(အေလာ)တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြတ်ဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသွယ်က ပလတ်စတစ်ညစ်ညမ်းမှုနှင့် စွန့်ပစ်အမှိုက်၊ ဒုတိယဦးစီးမှူး ဦးရဲနိုင်ဝင်းက ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှု ခေါင်းစဥ်များဖြင့် အသိပညာပေး ဟောပြောခဲ့ာသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး စာအုပ်ပြပွဲ ခင်းကျင်းပြသသည်။ ဆက်လက်၍ ဥာဏ်စမ်းဗဟုသုတမေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေယဥ်မွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)