ကျောက်ဆည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း ၌ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ်အဖြစ် ကျောင်းသား/ကျောင်းသူများ စတင်လက်ခံပြီး သင်ကြားမှုများ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပထမနှစ် ကျောင်းသား/ကျောင်းသူများနှင့် ဒုတိယနှစ်ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံရာ တွင် အခမဲ့ကျောင်းတက်ခွင့်၊လစဉ်ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ခြင်း၊ပုံနှိပ်စာအုပ်နှင့် စက်မှုဘာသာရပ်သင်ကျောင်းသား/ကျောင်းသူများအား ပုံဆွဲကိရိယာများ ထောက်ပံ့၍ ကျောင်းလက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း၌ ပညာသင်နှစ်(၃)နှစ်ကာလတွင် အဆင့်မှီစွာအောင်မြင်ခဲ့ပါက (AGTI)ကျောင်း၌ ပထမနှစ်အတန်းတွင် ဆက်လက်ပညာသင်ခွင့် ရရှိမည်ဖြစ်ပြီး၊ အထူးအောင်မြင်ခဲ့ ပါက နည်းပညာတက္ကသိုလ်၌ BE ပထမနှစ်၊ နည်းပညာကောလိပ်၌ B-Tech ပထမနှစ် အတန်းများတွင် သက်ဆိုင်ရာကျောင်းများ၏ ဝင်ခွင့်ရွေးချယ်ရေး သတ်မှတ်ချက်များအတိုင်း ဝင်ရောက်လျောက်ထားနိုင် ပြီး ရိုးရိုးအောင်မြင်ခဲ့ပါက ပညာသင်နှစ်ပြီးမြောက်ကြောင်း အောင်လက်မှတ်များရရှိမည်ဖြစ်ပြီး ပြင်ပလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းနှင့် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်လုပ်ကိုင်ရာတွင် များစွာ အထောက်အကူ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)