ချမ်းအေးသာစံ ဇွန် ၁
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ အခြေခံပညာကျောင်းများ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ချမ်းအေးသာစံ မြို့နယ်အတွင်းတွင် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက် နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံမှုစုစုပေါင်းမှာ မူလတန်းအဆင့် ၁၃၁၆၅ ဦး၊ အလယ်တန်းအဆင့် ၄၆၅၇ ဦး၊ အထက်တန်းအဆင့် ၂၅၀၀ ဦး၊ ပေါင်း ၂၀၃၂၂ ဦး ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်