ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန် ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းနှင့် မြို့တွင်းလမ်းများ ရေးစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည့် ပုဂံဒေသအတွင်း မိုးရွာ သွန်းပါက ရေစီးရေးလာကောင်းမွန်စေရေး၊ မူလရေသွားလမ်း၊ ရေစီးလမ်းများမပိတ်စို့စေရေး၊ ရှေးဟောင်းအဆောက်အအုံများအတွင်း ရေမဝင်ရောက်စေရေး၊ ရေစီးရေလာကောင်းမွန်စေရန် ရေစီးလမ်းဖောက်လုပ်နေမှု၊ ရှေးဟောင်းရေကန်များအတွင်း ရေစီးဆင်းသည့် ရေစီးလမ်းကြောင်းများ ကြည့်ရှုစစ်ဆေးခြင်း၊ အနောက်ရထားနှစ်လမ်းသွားလမ်းမကြီး ရေကျော်မှ ဆက်လက်ဖောက်လုပ်မည့် ရေစီးလမ်းကြောင်းနှင့် ညောင်ဦးမြို့နယ် မဏိစည်သူဈေးအရှေ့ဘက် မီးသတ်ချောင်း ရေစီးလမ်းကြောင်းနှင့် ညောင်ပင်ဝိုင်း ရေစီးရေလာလမ်းကြောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း