တုံတာ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လက်ဆေးခြင်းများ၊ ကိုယ်အပူချိန်တိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦး နှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေး နှင့် ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသော ကာကွယ်ဆေးများ ပါဝင်ပြီး တုံတာမြို့ပေါ်ရပ်ကွက်ရှိ အသက် ၁နှစ်ခွဲအောက် ကလေးငယ် (၃၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)