ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ ဆွေးနွေးပွဲ သန်လျင်၌ကျင်းပ

သန်လျင် ဇွန် ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း Talk Show ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူးဒေါ်သင်းသင်းနုတို့က “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး” တွင် အလေးထား လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိန်းရေးနေ့ဖြစ်သော ဇွန်လ ၅ ရက်နေ့ရောက်တိုင်း မြန်မာနိုင်ငံတွင် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများ၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာအစရှိသည့်ပြိုင်ပွဲများကို နိုင်ငံတော်အဆင့်ကျင်းပ၍လည်းကောင်း၊အသိပညာပေးပြပွဲများကျင်းပ၍ ပြည်သူလူထုအများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဗဟုသုတရရှိစေမည့်လုပ်ငန်းများ၊ ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်