ကျောက်မဲ ဇွန် ၂
အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စစ်မှုထမ်းဟောင်းရုံး၌ ကျန်းမာရေးကုသစောင့်ရှောက်မှုများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာသို့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ပြီး လူနာများအား ကြည့်ရှုအားပေးစကားများပြောကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
ယင်းနောက် တပ်ရင်းနယ်လှည့်ဆေးကုသရေးအဖွဲ့မှ စစ်မှုထမ်းဟောင်းနှင့် မိသားစုဝင် ၅၀ ဦးတို့ အား ဖျားနာရောဂါ၊ ချောင်းဆိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ အစရှိသည့်အထွေထွေရောဂါတို့နှင့်ပတ်သက်၍ စစ်ဆေးပေးခြင်းများနှင့် ဆေးကုသပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)