ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး( Talk Show)ပြုလုပ်

ကျောက်တံတား ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအခြေုဗဟိုဌာန (community centre)တွင် ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး( Talk Show)ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကျောက်တံတား မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ဘေးအန္တရာယ် ကျရောက်နေသော ကလေးအလုပ်သမားများ၊ အပြည်ပြည်ဆိုင် ပြဌာန်းချက်များ (ILO) အကြုံပြုတိုက်တွန်းချက်များ၊ ကလေးအလုပ်သမားကိစ္စတွင် သက်ဆိုင်ပါဝင်ပက်သက်သူများ၏ တုန့်ပြန်ချက်များစသည်တို့ကို စာရေးဆရာမညွန့်ညွန့်က လောနှင့်အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို Online Facebook Page မှ စဉ်ဆက်မပြတ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)