လောက်ကိုင် ဇွန် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့မွန်းလွဲပိုင်းအချိန်က ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ယခုလိုမီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းက ပြန်/ဆက်ဌာနမှ ဝန်ထမ်းများသည်အခမ်းအနားပွဲ၊ အစည်းအဝေးပွဲစသည့် ဒေသလုပ်ငန်းတွေကို ဘယ်ချိန်ခါပဲဖြစ်ဖြစ် တာဝန်မပျက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးဌာနအဖြစ် အသိအမှတ်ပြုကြောင်း၊ လောက်ကိုင်ဒေသ သတင်းအချက်အလက်များ ပြန်ကြားမှုအားအကောင်းဆုံး လုပ်ဆောင်ပေးလို့ ချီူကျူးဂုဏ်ပြုကြောင်း၊ ရှေ့ဆက်ပြီး မိခင်ဌာနလုပ်ငန်းများကိုလည်း ကျေပွန်စွာထမ်းဆောင်ရင်း ဒေသလုပ်ငန်းများကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်း(၁၁)ဦးအား တစ်ဦးလျှင် ပေါ်ဆန်းဆန် (၆)ပြည် တစ်အိတ်၊ ဆီ(၁) ပိဿာ၊ ဆား(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ၊ ကြက်ဥအလုံး(၃၀)တို့ကို ဝန်ထမ်းတစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ပြီး၊ ကျောင်းနေအရွယ် ဝန်ထမ်း သား/သမီးများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်မြမြဝင်းက ကျွန်မတို့ဌာနဝန်ထမ်းများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခံရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း၊ မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးတဲ့အတွက် ဝန်ထမ်းများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ညိုညိုဝင်း (လောက်ကိုင်)