လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများတက်ရောက်

လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် (ယမန်နေ့)၌ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ မူလတန်းလွန် (၁၃)ကျောင်းစုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၇)ကျောင်းတို့တွင် ကျောင်းသူ၊ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားတက်ရောက်လျက်ရှိသည်။

၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားတက်ရောက်လျက်ရှိသည်။ တက်ရောက်လျက်ရှိသော  ကျောင်းသူ၊ကျောင်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက် ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ (ပြန်/ ဆက်)