ခရမ်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၊ ဆင်မင်းအိုင်ကျေးရွာဘုန်း တော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာနေပြည်သူများလိုအပ်သော အရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍၊ မြစိမ်းရောင် ရန်ပုံငွေ (နဝမ)နှစ်စက်ဝန်းအတွက် ချေး ငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က အမှာစကားပြောကြားခဲ့ပြီးသည် လုပ်ငန်းအမျိုးအစားငါးမျိုးခွဲခြား၍ ချေးငွေ အောင်သူအသင်းသား (၃၁၀)ဦးသို့ စုစုပေါင်းငွေကျပ်(၄၀၃)သိန်း အားမြို့နယ်ကျေးလက်ဝန်ထမ်းများကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မော်နှင့်အဖွဲ့ဝင်များက စနစ်တကျ နေ့ချင်းပြီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ဆင်မင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်နဝမ နှစ်စက်ဝန်းတွင်ချေး ငွေကျပ် ၁၀၀လျှင် အတိုးတစ်လ၊ တစ်ကျပ်ငါးဆယ်ပြားနှုန်းဖြင့်၊ ခြောက်လပြည့်အတိုးဆပ်၊ တစ်နှစ်ပြည့်၊ အတိုးအရင်းဆပ်စနစ်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)