မိုင်းစံ မေ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင်စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရပ်ကွက်(၃)တွင် ကျင်းပခဲ့ပါသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးဦးစိုင်းစံယုံမှ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေနှင့် တောင်သူတစ်ပိုင်တစ်နိုင်လုပ်ပိုင်ခွင့် အခွင့်အရေးဆိုင်ရာအကြောင်းအရာများ၊ သီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများကို စနစ်တကျမှန်ကန်စွာ စိုက်ပျိုးနိုင်စေရန် တောင်သူများအား အသိပညာပေးပြောကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာသောတောင်သူများမှ သိလိုသည်များကိုမေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)