အသက်တစ်နှစ်အောက် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုး ဆေးတိုက်ပေးနှံ

ကျိုက်မရော ဇွန်  ၂

ကျိုက်မရောမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်းများ၌ ဇွန် လ၂ရက်နေ့ နံနက်ပိုင်းမှစ၍ အသက်တစ်နှစ်အောက် ကလေးများမှမွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို လစဥ် လဆန်းရက်တိုင်း ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးဆေး ဆေးတိုက်ခြင်းများဆောင်ရွက်ရာတွင် ဆေးထိုးစုရပ်များသတ်မှတ်၍ မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ကျန်းမာရေးဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးရာ၌ အသက်တစ်နှစ်အောက်ကလေးများအား အသည်းရောင် အသားဝါဘီ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပုံမှန်ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်များကိုလည်း  ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို လစဥ် ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်းမှ ဘက်စုံသားဖွား ဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)