ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

ပြည်ကြီးမဏ္ဍိုင် ဇွန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယမန်နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံ ပညာ ကျောင်းအသီးသီးတွင်လည်း ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေပြီဖြစ်သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင်  အထက်တန်းကျောင်း တစ်ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၂  ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ မူလွန်ကျောင်း ၂ ကျောင်းနှင့် မူလတန်း ကျောင်း ၁၃  ကျောင်းဖွင့်လှစ်လျက်ရှိရာ  အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျား (၂၂၂) ဦး၊ မ (၃၃၈) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၆၀)ဦး  တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)