ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များပျိုး‌ထောင်

ကွတ်ခိုင် ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ သစ်တောများပြုန်းတီးမှုမှ ကာကွယ်ရန်နှင့် မျှတသော ရာသီဥတုကို ရရှိ‌စေရန် ရည်ရွယ်၍ လူထုဖြန့်ပျိုးပင်ပေါင်း (၃၆၀၀၀)ကို သစ်တောဦးစီးဌာန ပျိုးဥယျာဉ်ခြံများတွင် စနစ်တကျ ပျိုးထောင်စိုက်ပျိုးထားလျက်ရှိသည်။

သစ်တောဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “လူသားအားလုံးကျန်းမာဖို့ သစ်တောများကို ထိန်းသိမ်းစို့” ဆိုသည့်အတိုင်း မိုးရာသီတွင် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူလူထုများကို အခမဲ့ပေးအပ်နိုင်ရန် ဆူးထင်းရှူး (၂၀၀၀)ပင်၊ ရေသင်းဝင် (၃၀၀၀)ပင်၊ ယူကလစ် (၁၈၀၀၀)ပင်နှင့် ချယ်ရီ (၁၃၀၀၀)ပင်၊ စုစုပေါင်း (၃၆၀၀၀)ပင်တို့ကို ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်ခြံတွင် စနစ်တကျ ပျိုးထောင်စိုက်ပျိုးထားလျက်ရှိပါသည်။ အဆိုပါ သစ်မျိုး (၄)မျိုး၊ ပျိုးပင်ပေါင်း (၃၆၀၀၀)ပင်အား ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပွဲများ ကျင်းပ၍သော်လည်းကောင်း၊ စိုက်ပျိုးလိုသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ တပ်ရင်း/တပ်ဖွဲ့များထံသို့ အခမဲ့ပေးအပ်၍သော်လည်းကောင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလတွင် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနရုံးမှ သိရှိရသည်။

ကွတ်ခိုင် (ပြန်/ဆက်)