ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

ဆီဆိုင် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဇွန် ၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နားသံကျေးရွာအုပ်စု၊ နားသံကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ၊ အောင်ဇေယျရပ်ကွက်တွင် လူနေအိမ်(၃)လုံးပျက်ဆီးခဲ့ပြီး အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေးမျိုးနေအိမ်များတွင် နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)