မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ ယခင်နှစ်များအထက် ကျောင်းသား/ကျောင်းသူများ ပိုမိုများပြား စတင်ဖွင့်လှစ်သင်ကြား

မြစ်သား ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ ယခင်နှစ်များအထက် ကျောင်းသား/ကျောင်းသူများ (၉၀)ရာခိုင်နှုန်း ပိုမိုများပြားလျက်ရှိပြီး  ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

အဆိုပါ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် အ.ထ.က(၉)ကျောင်း၊ အ.ထ.ကခွဲ (၈) ကျောင်း၊ အ.လ.က (၅)ကျောင်း၊ အ.လ.ကခွဲ(၆)ကျောင်း၊ အခြေခံပညာ မူလွန်ကျောင်း (၂၀)ကျောင်းနှင့်  အခြေခံပညာ မူလတန်းကျောင်း (၁၃၆)ကျောင်း စုစုပေါင်း (၁၈၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂) ကျောင်းတို့  ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၄၀၈၁) ဦး  အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင် ကျောင်းများတွင်လည်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ တတ်ရောက်သင်ကြားလျက်ရှိသည်။

ယခုကဲ့သို့  အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း  စသည့် အစီအစဉ်များနှင့် ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဦးဝင်းမင်းထွန်(မြစ်သား)