တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

တံတားဦး  ဇွန် ၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယမန်နေ့နံနက်(၈)နာရီအချိန်မှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားကြကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်း ကျောင်းများရှိ ကျောင်းဆရာကြီး၊ ဆရာမကြီးများ ကျောင်းအကျိုး တော်ဆောင်များ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းနှင့်ပတ်သက်သည်များကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးလျက်ရှိပြီး “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ “ဆောင်ပုဒနှင့်အညီ သတ်မှတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအ၆ုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ ပေးအပ်ကာကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ တက်ရောက်ကြ ကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင်  အ.ထ.က(၈)ကျောင်း၊ အထက-ခွဲ (၉)ကျောင်း၊ အ.လ.က(၁၀)ကျောင်း၊ အ.လ.က-ခွဲ((၈)ကျောင်း၊ မူလွန် (၁၇) ကျောင်း၊ အ.မ.က(၆၈)ကျောင်း၊ အ.မ.က-ခွဲ(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀) ကျောင်းအား ၂၀၂၃-ခုနှစ် ဇွန်လ (၁)ရက်နေ့မှ  စတင်ကာ ဖွင့်လှစ်ပညာကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ရဲတင့်( ပြန်/ဆက်)