မိုင်းဖြတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီလီမိတက် နှင့်တာချီလိတ်နဂါးမင်းကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲ အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းရှေ့နဂါးမင်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းက အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရခြင်းကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အခြေခံစားကုန်များထောက်ပံသည့် ကုမ္ပဏီများကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ကိုထွန်း၊ တာချီလိတ် နဂါးမင်း ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းဝိုးဖိတ်တို့က ဝန်ထမ်း၅၀ ဦးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲ ခြောက်၊ ငါးသေတ္တာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ပေးအပ်သည့် ကုမ္ပဏီနှစ်ခုအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)