ညောင်ဦး ဇွန် ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျှက်ရှိပြီး မေ ၃၁ ရက်နေ့ထိကျောင်း သား ကျောင်းသူ (၆၂၅၈၈)ဦးလာရောက်အပ်နှံပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရသည်။
ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း KG တန်းမှ Grade -12 အထိ ကျောင်းသား၊ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏လမ်း ညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူများလက်ခံလျှက်ရှိသည့် မေ ၃၁ ရက်နေ့ထိ ညောင်ဦးခရိုင်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၄၄၇၄၇)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၁၃၄၈၂)ဦး၊ အခြေခံပညာအလယ်တန်း ကျောင်း Grade -6 မှ Grade -9 ထိ (၇၀၄၈)ဦး၊ Grade -10 မှ Grade -12 ထိ ၊ ကျောင်းသား၊ ကျောင်းသူ (၄၃၅၉) ဦး လာရောက်အပ်နှံခဲ့ကာ၊ ညောင်ဦး ခရိုင်၌ ကျောင်းသားကျောင်းသူ (၆၂၅၈၈)ဦး လာရောက်အပ်နှံပြီး ဆက်လက်လာလျက်ရှိကြောင်းလည်း သိရသည်။
ဒီပါလင်း