ရွာငံ ဇွန် ၁
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံးယနေ့ ယနေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၊ လမ်းညွှန်မှုဖြင့်ဆောင်ရွက်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ပညာသင်ကြားနေကြပြီဖြစ်သည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ရွာငံမြို့နယ်အတွင်း အခြေခံပညာ KG မှ Grade-11 အထိ အတန်းများ၏ ကျောင်းအပ်ရက်ကို မေလ (၂၃) ရက်မှ စတင်လက်ခံနေပြီး၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ(၂၃) ရက်မှ ဇွန်လဆန်း ကျောင်းမဖွင့်မီကာလအထိ သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ရွာငံမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်း ကျောင်း (၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၂)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၈)ကျောင်း၊ မူလွန်ကျောင်း(၂၅)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၅၂)ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၁)ကျောင်းရှိကြောင်း၊ ယခင်နှစ်က ကျောင်းသားဦးရေ (၁၄၆၄၉) ဦးရှိခဲ့ပြီး ယခုနှစ်ကျောင်းသားဦးရေစုစုပေါင်း (၁၄၆၈၂)ကျော် ကျောင်းအပ်နှံ တက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ပြည့်ဖြိုးသန့်