ဟိုပုံး ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ယနေ့မှစတင်၍ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဟိုပုံးမြို့နယ် လာရောက်အပ်နှံသည့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ(၇၅၈)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ(၂၈၈၆)ဦး၊ အခြေခံပညာမူလတန်းကျောင်း (၁၀၁၂၂)ဦး စုစုပေါင်း (၁၃၇၆၆)ဦး၊ ဆီဆိုင်မြို့နယ် လာရောက်အပ်နှံသည့် အခြေခံပညာမူလတန်းကျောင်း ကျောင်းသား၊ ကျောင်းသူ(၂၀၆၁၄)ဦး၊ အခြေခံအလယ်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ(၄၀၉၉) ဦး၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ (၁၁၀၈)ဦး စုစုပေါင်း (၂၅၈၂၁)ဦး၊ ပင်လောင်းမြိုနယ် ကျောင်းအပ်နှံသည့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ (၂၉၄၃)ဦး၊ အခြေခံပညာအလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၆၅၄၁)ဦး၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းသား၊ ကျောင်းသား (၁၉၉၉၀)ဦး စုစုပေါင်း (၂၉၄၇၄) ဦးရှိပြီး ကျောင်းသား၊ ကျောင်သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)