ကျောက်တန်း ဇွန် ၁
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့သည် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌လည်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိတာဝန်ခံကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဝိုင်းဝန်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်တန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၃၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၅)ကျောင်းစုစုပေါင်း ကျောင်း(၁၃၈)ကျောင်းစတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်တန်း(ပြန်/ဆက်)