ပုဇွန်တောင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသူ  /ကျောင်းသားများ ပျော်ရွှင်စွာ ပညာသင်ကြား

ပုဇွန်တောင်  ဇွန် 

ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အထက်တန်းအဆင့် ကျောင်း(၄)ကျောင်း၊ ၊အလယ်တန်းအဆင့်ကျောင်း()ကျောင်းနှင့်၊ မူလတန်းအဆင့်ကျောင်း () ကျောင်း စုစုပေါင်း (၁)ကျောင်းရှိပြီး ၂၀၂-၂၀၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသူ/ကျောင်းသားလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်ရှိ အခြေခံပညာကျောင်း(၁၆)ကျောင်းတွင် ကျောင်းအပ်နှံသူ (၂၃၆၈)ဦးရှိပြီး ကျောင်းတက်ရောက်သူဦးရေ (၂၂၆၇)ဦးရှိရာ ကျောင်းတက်ရောက်မှု ၉၅ ဒသမ ၇၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကျောင်းသား/ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြ စ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်ခင်ခင်စန်းထံမှ သိရသည်။

ယနေ့ကျောင်းဖွင့်ချိန်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများ၊ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်