လွိုင်လင် အောက်တိုဘာ ၈
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့သည် ယမန်နေ့က လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် ခရိုင်/မြို့နယ် ကိုယ်ဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ များနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများ ၊ ပါးစပ် နှာခေါင်းစည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က အဖွင့်အမှာ စကား ပြောကြား သည်။ ယင်းနောက် လွိုင်လင်မြို့နယ် ကိုယ်ဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီ ဉက္ကဌ ဦးသန်းလွင် ၊ နမ့်စန်မြို့နယ် ကိုယ်ဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီဉက္ကဌ ဦးညီညီအောင် တို့က ကိုယ်ဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်များကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ဒေသဖွံ့ဖြိုးရေးကိစ္စများကို ရှင်းလင်းတင်ပြသည်၊။ ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ခရိုင်ကော်မတီအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ၊ လွိုင်လင်မြို့နယ် နှင့် နမ့်စန်မြို့နယ် ကော်မတီအတွက် ထောက်ပံ့ငေွကျပ် (၁၀)သိန်းစီ နှင့် နှာခေါင်းစည်းမတ်စ်((၂၅၀၀)စီကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကုစားရေး (CERP )အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန မှ လွိုင်လင်မြို့နယ် အတွင်းရှိ အသက်(၈၀) နှစ်မှ အသက် (၈၅)နှစ် သက်ကြီးဘိုးဘွား( ၃၀၆)ဦးအတွက်တစ်ဦးလျှင် ကျပ် သုံးသောင်း နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၈၀.၈)သိန်း ကိုလည်းကောင်း လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်း (၈၇၃)ဦး အတွက်တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်( ၂၆၁.၉)သိန်း ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များကပေးအပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ် မြတ်မြတ်ထွေး က လက်ခံရယူကြောင်းသိရသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေ(၄)နာရီတွင် လွိုင်လင်မြို့နယ် ဟိုခိုက်ကျေးရွာ အနာကြီး ရောဂါကုဂေဟာသို့ရောက်ရှိပြီး အနားကြီးရောဂါဝေဒနာရှင်များကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကြေးငွေ တစ်ဉီးလျှင် ကျပ်ငါးသောင်းနှုန်း ကို ဝေဒနာ ရှင်များ၏လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုးလွင်ဦး(လွိုင်လင်)