ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ စတင်ပညာသင်ကြား

ပန်းဘဲတန်း ဇွန် 

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ(၁)ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း​မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဦးလှနီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူ မိဘများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိ သက်မှတ်ကာ ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

ပန်းဘဲတန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင် း(၃)ကျောင်း စုစုပေါင်း (၈)ကျောင်းဖြင့် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဦးဆန်းကြည်