တာချီလိတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကျေးလက်ပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံး ရေများတွင် ဘက်တီရီးယား ပါဝင်မှု ရှိ/မရှိ သိနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ခမ်းနှင့် ဝန်ထမ်းများက တာချီလိတ်မြို့နယ် အတွင်းရှိကျေးရွာ (၂၀)သို့ လက်ရှိအသုံးပြုနေသော သောက်သုံးရေများတွင် ဘက်တီးရီး ယားပိုးများ ပါဝင်မှုကို သိရှိနိုင်ရန် အတွက် E-Coli System ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ကျေးလက်ပြည်သူများ၏ သောက်သုံးရေမှ ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားလာနိုင်မှုကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)