မိုင်းခတ် ဇွန် ၁
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ဇွန် ၁ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ပျော်ရွှင်စွာတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၇)ကျောင်းရှိရာ အထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃)ကျောင်း၊ မူလတန်းကျောင်း (၂၇)ကျောင်း၊ မူလတန်းကျောင်းခွဲ (၁၂)ကျောင်းတို့တွင် သင်ကြားရေး ဆရာ၊ ဆရာမ(၁၂၁)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၈၁၉)ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိပြီး မိုင်းခတ်မြို့နယ် ပညာရေးမှူးဆရာကြီး ဦးလှမင်းနိုင်က ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၏ ပညာသင်ကြားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)