ရန်ကုန် ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့၊ ဇွန် လ (၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ သူမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိသက်မှတ်ကာကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လမ်းမတော်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ စုစုပေါင်း (၆)ကျောင်း စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ ဆက်)