မိုးကုတ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုနှင့် ပြည်သူများလာရောက်ကြည့်ရှု့မှု့တို့အား ကွင်းဆင်းကြည့်ရှု့

မိုးကုတ်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းကြီးကို နို၀င်ဘာလ (၈) ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု များကို ၁.၁၀.၂၀၂၀ ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကြေညာထားရှိမှုများအား ပြည်သူများ လာရောက်ကြည့်ရှု့မှုနှင့်  ပြင်ဆင်ပယ်ဖျက်ရန်လိုအပ်မှု များအပေါ် ရပ်/ကျေးကော်မရှင်များအနေဖြင့် ဆောင်ရွက်နေမှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်၀င်းနှင့်အဖွဲ့၀င်များဖြစ်ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဆက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အဖွဲ့၀င်များသည် အောက်တိုဘာလ ၇ ရက်နေ့တွင် မြို့နယ်အတွင်းရှိ လယ်ဦးရပ်ကွက်၊ ရှောလီဝိုင်းရပ်ကွက်၊ မြို့မ ရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ ရေပူရပ်ကွက်နှင့် သဒွတ်သျှိုအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် စစ်ဆေးရေးအဖွဲ့သည်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများအနေဖြင့် အလွယ်တကူ လာရောက်ကြည့်ရူနိုင်သည့်နေရာများတွင် ထင်သာမြင်သာအောင် ကပ်ထားပေးရေး၊​ ပြည်သူများအား အိမ်ထောင်တစ်စုတွင်အနည်းဆုံး တစ်ဦး လာရောက်ကြည့်ရူ့စေရေး နှိုးဆော်ခြင်းများဆောင်ရွက်ရေး၊ ပြည်သူများမှ မဲဆန္ဒရှင်စာရင်းများကို ပြင်ဆင်ခြင်း၊ ထည့်သွင်းလိုခြင်း၊ ပယ်ဖျက်မှုများပြုလုပ်လိုပါက အချိန်နှင့်တစ်ပြေးညီဆောင် ရွက်ပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

ဖြိုးမမ(မိုးကုတ်)