မက်မန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား

မက်မန်း ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့မှစ၍ စတင်ဖွင့်လှစ်ပညာသင်ကြား နေပြီဖြစ်သည်။

“မြန်မာနိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ ဇွန်လ ၁ ရက်နေ့တွင်  စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများ အတိုင်းလိုက်နာဆောင်ရွက်လျက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနေပြီဖြစ်ကြောင်း” မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

မက်မန်းမြို့နယ်အတွင်း၌ အထက်တန်းကျောင်း (၁) ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း(၃) ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄) ကျောင်း၊ မူလတန်းကျောင်း(၃၆) ကျောင်း၊ မူခွဲကျောင်း(၄) ကျောင်း၊ ကျောင်းပေါင်း (၅၄) ကျောင်းရှိပြီး ယခုနှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် ကျောင်းသားဦးရေ စုစုပေါင်း (၂၃၇၆)ဦး ကျောင်းအပ်နှံ၍ စတင်ပညာသင်နေပြီဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)