တာချီလိတ် အောက်တိုဘာ ၈
တာချီလိတ်မြို့အခြေစိုက် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီလီမိတက်နှင့် တာချီလိတ်နဂါးမင်း ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့ အစိုးရဌာနအချို့မှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလ၌ အခြေခံစားသောက်ကုန်များကို ယမန်နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှူဒါန်းခြင်းကို တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၇ ဦး၊ ကျေးလက်လမ်းဦးစီးဌာနမှ ၁၀ ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၁၀ ဦးနှင့် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ၅၀ ဦး၊ ကိုဗစ်-၁၉ စင်တာ သုံးခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း ၄၀ ဦး၊ မိုင်းပျဉ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၁၇ ဦးတို့ကို တာချီလိတ်နဂါးမင်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာကိုထွန်းနှင့် ဝန်ထမ်းများက သွားရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနတွင်းရှိဝန်ထမ်းတိုင်း တစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီ၊ ငါးသေတ္တာနှင့် မာမား ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးခဲ့ကြပြီး စုစုပေါင်းတန်ဖိုးငွေ ကျပ်(၃၄)သိန်းခန့်ရှိကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)