ပျဉ်းမနားမြို့နယ်၌ အခြေခံပညာကျောင်း ၁၂၀ ကျောင်း စတင်ဖွင့်လှစ်

ပျဉ်းမနား ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။

ပျဉ်းမနားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၈ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၆ ကျောင်း၊ မူလတန်း(လွန်) ၃၇ ကျောင်း၊ မူလတန်းကျောင်း ၅၂ ကျောင်း၊ စုစုပေါင်း ၁၂၀ ကျောင်းတို့တွင်  မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)