သာစည်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

သာစည် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၁ ရက်နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန် ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ကျောင်းကောင်စီသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးလှထွန်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးအတွက် ကျောင်းအပ်နှံစေရေး၊ ပြောင်းလဲလာသော ပညာရေး စနစ်၊ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးမှုများနှင့် စိုက်ပျိုးရေး၊ စက်မှုနှင့်မွေးမြူရေး စသည့်အသက်မွေးဝမ်းကျောင်းပညာများကို တွဲဖက်သင်ယူနိုင်တော့မည့် အခြေအနေများ စသည်ဖြင့်  ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဝေခိုင်နှင့် တာဝန်ရှိသူများက ပညာရေး ဌာနသို့ ပေးအပ်သည်။ ၎င်းနောက် အမှတ် (၁) အခြေခံညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက တို့ကျောင်းသာယာသီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ/မများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်