အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ စတင်ပညာသင်ကြား 

အလုံ ဇွန် ၁

  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း () ကျောင်း၊ အလယ်တန်းကျောင်း()ကျောင်း၊ မူလတန်းကျောင်း()၊ စုစုပေါင်း စာသင်ကျောင်း (၁၂) ကျောင်းတွင် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ စာသင်ချိန်()ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များဖြင့် လုံခြုံရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို(ပြန်/ဆက်)