မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သားများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Test kit ဖြင့် စစ်ဆေးခြင်းဆောင်ရွက်

ချောင်းဆုံ အောက်တိုဘာ ၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် မဲရုံ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ(၁)ရက်နေ့က စတင်၍ ချောင်းဆုံ (အ.ထ.က) ကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသားများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကျန်းမာရေးဌာန မှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိကို Test kit ဖြင့်စစ်ဆေး ခဲ့ကြောင်းသိရသည်။

သင်တန်းသားများအား စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာသူဇာဝင်း ဦးဆောင်သောကျန်းမာရေးဝန်ထမ်း(၁၅)ဦးတို့က အထူးရဲသင်တန်းသား (၇၅)ဦးနှင့် သင်တန်း နည်းပြ(၅)ဦး တို့အား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/ မရှိကို Standard Q Covid-19 Antigen (RTD) Test များဖြင့် စစ်ဆေးခဲ့ရာ အဆိုပါသင်တန်းသားများတွင် ရောဂါပိုးမတွေ့ ရှိ(Negative) ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး  ဦးစီးဌာနမှ သိရသည်။

ထူးအိမ်(ပြန်/ဆက်)