မိုးကုတ် မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မေလ (၁၉)ရက်နေ့က မိုခါမုန်တိုင်းအန္တရာယ် ရောက်မှုကြောင့် မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု (၄၂)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံသည့်ပစ္စည်းများအား မေလ(၃၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် လေဘေးသင့်အိမ်ထောင်စုဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သော Family Kit (၇)ပုံး၊ Hygnity Kit (၇)ပုံး၊ Dignity Kit (၇)ပုံး၊ တာပေါ်လင်စ (၄၂)ချပ်၊ Shelter Kit (၇)စုံနှင့် ရေပုံ (၇)ပုံစသည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံပေးအပ်ရာတွင် ရပ်ကွက်အလိုက် စာရင်းကောက်ယူပြုစုပြီး ထိခိုက်ခံစားခဲ့ရသည့် လေဘေးသင့်အိမ်ထောင်စု (၄၂)စုကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီအသင်းမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)