ကျိုက်မရော ဇွန် ၁
၂၀၂၃ -၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးအား ဇွန်လ ၁ရက် ယနေ့နံနက် ပိုင်းမှစ၍ ဖွင့်လှစ်ပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၁)ကျောင်းရှိပြီး ကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်နိုင်ပြီးဖြစ်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ မေလ၂၃ရက်မှစ၍ ယမန်နေ့ကအထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ရာ ကျောင်းအပ်နှံပြီးသူ မူလတန်း (၂၈၂၇၇)ဦး၊ အလယ်တန်း (၆၀၂၀)ဦး၊ အထက်တန်း အဆင့်အပ်နှံပြီးသူ (၁၇၀၀)ဦး စုစုပေါင်း(၃၅၉၉၇) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်(၈၀.၄၄) ရာခိုင်နှုန်းအထိရှိရာ ကျောင်းများ စတင်ဖွင့်လှစ် သည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင် လုံခြုံ စွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးနော်ခမ်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ယာဥ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဥ်များအား ရှင်းလင်းပေးခြင်း၊ လမ်းကူးပေးခြင်းစသည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)