ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယမြောက်နောက်ဆုံးအကြိမ်အဖြစ် မဲစာရင်းများကပ်ထားမှုအခြေအနေများကို၊ အောက်တိုဘာ ယမန်နေ့ နေ့လယ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်သည် ဈေးကွက်သစ် ရပ်ကွက်၊ မြို့မတောင်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်နှင့် ဘူတာရပ်ကွက်များရှိ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများသို့သွားရောက်၍ ဒုတိယမြောက်နောက်ဆုံးအကြိမ်အဖြစ် မဲစာရင်းများကပ်ထားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကော်မရှင်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဲစာရင်းများ ကျန်ရှိနေမှုမဖြစ်စေရေးနှင့် အဝေးရောက်မဲဆန္ဒရှင်စာရင်းများ အချိန်မီမဲစာရင်းတွင်ပါရှိစေရန်နှင့် မဲစာရင်းထပ်ခြင်းနှင့် လွဲမှားနေခြင်းမဖြစ်စေရန် အထူးဂရုပြုဆောင်ရွက်ကြရန် သက်ဆိုင်ရာရပ်ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများဖြစ်သည့် (စာရေးအဆင့်-၁)များကို ဆွေးနွေးမှာကြားခဲ့ပြီး၊ ဘူတာရပ်ကွက်တွင် မဲရုံဆောက်လုပ်မည့် ဘူတာ အ.မ.ကအား ဝင်ရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)