မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မင်္ဂလာဒုံ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံခြင်းကို မေ ၂၃ မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိပြီး ဇွန် ၁ ရက်နေ့ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၊ (၁၃)ကျောင်း အလယ်တန်းကျောင်း (၁၂)ကျောင်း၊မူလတန်းကျောင်း (၂၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၀) ကျောင်းစုစုပေါင်း (၈၄)ကျောင်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်အုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြတ်သူဇာ (ပြန်/ ဆက်)