မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံး၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာထားမှုအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး

မုဒုံ  အောက်တိုဘာ ၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထား မှုကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး(၁၀၃)ရုံးတို့တွင်ကပ်ထား ကြေညာထားရှိမှုကို အောက်တိုဘာ၁ရက်နေ့ နံနက်ပိုင်းမှစတင်ကာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ဒုတိယအကြိမ်ကပ်ထားသည့် မဲစာရင်းများတွင်မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများအား ဖြည့်စွက်လိုခြင်း၊ ပယ်ဖျက်လိုခြင်း၊ ကန့်ကွက်လိုခြင်း၊ ပြင်ဆင်လိုခြင်းရှိသည် များကို သက်ဆိုင် ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြေညာသည့် (၁၄)ရက် အတွင်း ပြန်လည် ပြင်ဆင်မှုအခြေအနေ၊ မဲစာရင်းကပ်ထားကြေညာထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာ၌ ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ နှင့်တွေ့ဆုံပြီး မဲစာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ် သည်များကို မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးတို့တွင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)