လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာမှ အနာကြီးရောဂါဝေဒနာရှင်များအား ထောက်ပံ့ငွေပေးအပ်

 

လွိုင်လင်           အောက်တိုဘာ       ၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင် ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (  CERP ) အရ အနာကြီးရောဂါကုဂေဟာရှိသူများ အတွက် ထောက်ပံ့ကြေးငွေ(၆၈.၅)သိန်းကို ယနေ့ နံနက်(၁၀)နာရီက ဟိုခိုက်ကျေးရွာရှိ အနာကြီးရောဂါ ကုဂေဟာခန်းမတွင် လာရောက်လှူဒါန်းကြောင်းသိရသည်။

အစီအစဉ်အရ ရှေးဦးစွာ ဟိုခိုက်ကျေးရွာရှိ အနာကြီးရောဂါကုဂေဟာ တာဝန်ခံ    Fh.Tacisio Kyaw Aye က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦး က ဟိုခိုက်ကျေးရွာရှိ အနာကြီးရောဂါကုဂေဟာသို့ လာရောက်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အနားကြီးရောဂါဝေဒနာရှင် ၁၃၇ ဦး အတွက် တစ်ဦးလျှင် ကျပ် ငါးသောင်းနှုန်းဖြင့် လှူဒါန်းငွေကျပ် ( ၆၈.၅)သိန်းကို ဂေဟာတာဝန်ခံနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ထံပေးအပ်ခဲ့သည်။ ဆက်လက်၍ အနာကြီးရောဂါဝေဒနာရှင်များအား တစ်ဦးချင်းစီ ထောက်ပံ့ကြေးငွေ ကျပ်ငါးသောင်းနှင့် နှာခေါင်းစည်းမတ်စ်များ ဆပ်ပြာခဲများကိုလည်းပေး ဝေခဲကြောင်းသိရသည်။ ယင်းနောက် ထောက်ပံ့ကြေးငွေရရှိသည့် အနာကြီးရောဂါဝေဒနာရှင်များကိုယ်စားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 ယနေ့လာရောက်လှူဒါန်းမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်လှူဒါန်းမှုတွင် အနာကြီးရောဂါဝေဒနာရှင် ၈၉ ဦး အား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း ဖြင့်လှူဒါန်းပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။

မိုးလွင်ဦး(လွိုင်လင်)