ညောင်ရွှေမြို့နယ်အတွင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ကိုးသောင်းကျော်ရှိ

ညောင်ရွှေ     အောက်တိုဘာ     ၇

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ မဲဆန္ဒနယ်နှစ်ခုမှ တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ကိုးသောင်းကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများ အရ သိရှိရသည်။

အဆိုပါ တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်များမှာ ဗမာတိုင်းရင်းသား (၇၉၅၀) ဦး၊ ကချင်တိုင်ရင်းသား (၃၇) ဦး၊  လီဆူးတိုင်းရင်းသား (၄၄၅) ဦး၊ လားဟူတိုင်းတိုင်းသား (၆) ဦး၊ အင်းသားတိုင်းရင်းသား (၈၅၈၀၉) ဦး၊ အာခါတိုင်းရင်းသား (၁) ဦး၊ ကယန်း(ခ)ပဒေါင်တိုင်းရင်းသား (၆၂) ဦး ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၃၆၅၃၂) ဦးရှိပြီး လျာထားမဲရုံအရေအတွက် (၁၄၃)ရုံ ရှိကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ