မိုင်းကိုင် မေ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းကိုင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေမှုနှင့် လက်ဝယ်ကိုင်ဆောင်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူတို့က ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သော ကုံးလုံးကျေးရွာအုပ်စုမှ ကျေးရွာသူရွာသားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၈၅ ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၆၃)အိမ်ထောင်စု တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)