ညောင်ရွှေ အောက်တိုဘာ ၇
စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးမှ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းဆိုင်ရာ သိကောင်းစရာများ နှင့် မီးဖိုသုံးစွဲသူများမှ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ် လက်မောင်းကွေးကျေးရွာအုပ်စု လက်မောင်း ကွေးကျေးရွာ၊ ပန်းတင်ကျေးရွာ၊ သရက်ပင် ကျေးရွာ၊ ကျောင်းရှေ့ကျေးရွာ၊ ကျောင်းနားကျေးရွာနှင့် အန်းပက်ကျေးရွာတို့၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းဆိုင်ရာ သိကောင်းစရာများနှင့် မီးဖိုသုံးစွဲသူများ လိုက်နာ ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရှင်းလင်း ဆွေးနွေးပြီး ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။ ထို့နောက် အက်ကွဲ၍ သုံးစွဲမရတော့သည့် မီးဖိုများကို ဒေသခံပြည်သူများထံသို့ အစားထိုးပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်