ရွှေပြည်သာ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ကျောင်းဖွင့်ချိန်တွင် ကျောင်းသား/ သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်အမှတ် (၁၇)ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှတ်(၁၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ ပြည်သူများမှ ကျောင်းအတွင်းရှိမြက်များ ရှင်းလင်းခြင်း၊ အမှိုက်များ၊ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတူးဖော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ ဆက်)