လယ်ဝေးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ ကျင်းပ

လယ်ဝေး မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးမောင်မောင်ခင်က စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် မြို့နယ်စီမံကိန်းဦးစီးမှူး ဦးမောင်မောင်ခင် တို့က သက်ဆိုင်ရာဌာနများအား၂၀၂၃-၂၀၂၄ စီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)