ကျိုင်းတုံမြို့၌   တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများပြသနိုင်ရေး အစည်းအဝေးကျင်းပ

ကျိုင်းတုံ မေ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့  ယဉ်ကျေးမှုပြတိုက်တွင် တိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးပြခန်းများပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အမှတ်()ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက်အသစ်၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က မကြာမီ ဖွင့်လှစ်မည့် ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက် အဆောက်အဦးအသစ်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပစ္စည်းများ စုံလျှင်စွာပြသနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ တက်ရောက် လာကြသည့် ကျိုင်းတုံမြို့နယ် တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(၁၃)ဖွဲ့က မိမိတို့ရိုးရာ ယဉ်ကျေးမှုဓလေ့များ၊  ရိုးရာဝတ်စုံများ၊ အသုံးအဆောင်ပစ္စည်းများ အကြောင်းဆွေးနွေးပြီး  လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသီးသီးရှင်းလင်း ဆွေးနွေး ကြသည်။

ကျိုင်းတုံမြို့ယဉ်ကျေးမှုပြတိုက်သည် ယခင်က ကျိုင်းတုံမြို့ အမှတ်()ရပ်ကွက်၊ ရပ်တော်မူ အနီးတွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ အထင်ကရပြတိုက်ကြီးအဖြစ် အမှတ်() ရက်ကွက်တွင် ယဉ်ကျေးမှုပြတိုက်အသစ် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)