လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဆင်းပွဲကျင်းပ

လားရှိုး မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် နွေရာသီကျောင်းပိတ်ရင်အတွင်း ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကွန်ပျူတာသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အခမဲ့အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန Community Centre - Lashio တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် နည်းပြဆရာ၊ ဆရာမများကို ကျေးဇူးတင်စကားပြောကြားသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယခုဖွင့်လှစ်သော အခမဲ့အခြေခံကွန်ပျူတာသင်တန်းသည် လေးကြိမ်မြောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ Zumba အကသင်တန်း၊ ယောဂသင်တန်း၊ ကိုးရီးယားဘာသာစကားသင်တန်း၊ အင်္ဂလိပ်ဘာသာစကားသင်တန်းများကိုလည်း အခမဲ့ ဖွင့်လှစ်ပေးလျက်ရှိနေကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)