ရွှေပြည်သာ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန့်နေ့နေလယ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးမှုတ်ခြင်းများကို ရွှေပြည်သာမြို့နယ် တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ လိုတရပရဟိတကျောင်း၊ အ-မ-က(လိန်ကုန်း)၊ အ-မ-က(သိမ်ချောင်း) အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းခွဲ(ဝါးတစ်ရာ) အမှတ်(၄၆)အခြေခံပညာမူလတန်းကျောင်း(မြကျွန်းသာ)တို့ တွင် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် စည်ပင်ကျန်းမာရေးဌာနမှဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း